မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မြောင်းမြ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌  ပြည်သူများ  စာပေဖတ်ရှုခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ဗဟုသုတ အတွေးအမြင်များ အပြန်အလှန်ရရှိစေရန်၊ စာပေချစ်မြတ် နိုးစိတ်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန် ရည်ရွယ်၍ Women Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Women Club အဖွဲ့ဝင် များက စာရေးဆရာမ ခင်စောတင့် ရေးသားသည့် ပျော်ရွှင်သော ဆယ်ကျော်သက်ဘဝ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Women Club နာယက ဒေါ်မော်မော်သန်းက အဖွင့်အမှာစကားပြောကြားပြီး  တက်ရောက် လာသည့် Women Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ Women Club အဖွဲ့ဝင်များဖြစ်သည့် ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌများနှင့် Women Club အဖွဲ့ဝင် စာပေ ချစ်သူများက အပြန်အလှန် ဝိုင်းဝန်းဆွေးနွေးပြီး စာဖတ်ဝိုင်းကို နေ့လယ် ၁၂ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်/ဆက်