ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူ (၂၉၈) ဦး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီး
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၅)နှစ်မှ (၁၅)နှစ်အထိ ကျောင်းသား/သူ (၂၉၈) ဦး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။