ဘုတ်ပြင်း ဇွန် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ မြို့မဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်သူများနှင့် ဌာနဆိုင်ရာများ၊ပြည်သူများအား အသိပညာပေး ဖြန့်ဝေပေးလျက်ရှိသည်။
အဆိုပါလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂)၌ ပြောကြားခဲ့သည့် အမှာစကားကောက်နုတ်ချက်များ၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဝိုင်းဝန်းကာကွယ် မူးယစ်အန္တရာယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တာဆီးကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးကဗျာ၊ကာကွန်းများပါဝင်ပြီး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)