သနပ်ပင် ဇွန် ၂၃
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှုးရုံးမှ ကြီးမှုးကျင်းပသော ရေဘေးအန္တရာယ် သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးသောင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက်က သဘာဝဘေးအန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များထဲမှ မိမိတို့မြို့နယ်သည် မြေနိမ့်နေရာ များပြားသည့်အတွက် ရေဘေးအန္တရာယ်အများဆုံးခံစားကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါကဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အချိန်မီ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းစိုးက ရေးဘေးအန္တရာယ် တုံ့ပြန်မှုသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မည့် အစီအစဉ်နှင့်ပတ်သက်၍ ကော်မတီအသီးသီး၏လုပ်ငန်းတာဝန်များ အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိူယ်စားလှယ်များအား ဇတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရမည့် အစီစဉ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)