ဆင်ပေါင်ဝဲ ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမှတ်ပေးဒိုင်လူကြီး ဆရာဦးတင့်ဆွေမှ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲအားဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတင့်လွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပထမဆု၊ ဒုတိယဆု ၊တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ချီးမြင့်ပေးအပ်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း (ပြန်/ဆက်)