ကျောက်တံခါးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့နံနက်ပိုင်းက မြို့ချောင်းဓမ္မာရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။