ဟင်္သာတ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများအား အခမ်းအနားမှူးသင်တန်း (Master of Ceremony) (M.C) ကို ယမန်နေ့ နံနက် ၉ နာရီ က ဆက်လက်ဖွင့်လှစ်သင်တန်းပို့ချပေးလျက်ရှိသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်းက အဖွင့်အမှာ စကား တက်ရောက်ပြောကြားခဲ့ပြီး ခရိုင်ပြန်ဆက်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ခရိုင်ပြန်ဆက်ဦးစီးဌာနမှ MC သင်တန်းကို ဇွန် ၂၀ ရက်နေ့မှ စတင်၍ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်/မြို့နယ် စားသုံးသူဦးစီးဌာန၊ ခရိုင်ဘေးစီမံဌာန၊ ခရိုင်/မြို့နယ်လျှပ်စစ်ရုံး၊ ခရိုင်အလုပ်ရုံ နှင့် အလုပ်သမားဥပဒေဌာန၊ ခရိုင် မြစ်ချောင်းဖြိုးရုံး၊ ခရိုင်သစ်တောဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ၊ မြို့နယ်အားကာ၊ ခရိုင် ကော်မရှင်၊ မြို့နယ်သမဝ၊ ကြက်ခြေနီတပ်ဖွဲ့၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၄၄ ဦးတို့ ကို သင်တန်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ