ဒိုက်ဦးမြို့နယ်၌ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေး ပြန်/ဆက်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်-ဒိုက်ဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ယနေ့နံနက်ပိုင်းတွင် မြို့မဈေးရှေ့၊ ဘူတာရုံနှင့် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက် အတွင်း၌ကို ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron(အိုမီခရွန်) ရောဂါပိုး ထိရောက် စွာကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။