ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို ဦးစားပေး ဦးတည်အုပ်စုများအလိုက် ပြည်သူ များအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူ များအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေး ခြင်းကို ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

မင်းဘူး(စကု)မြို့နယ်မှ ငရုစိုက်တောင်သူများ ဈေးကောင်းမရသော်လည်း အထွက်နှုန်း ကောင်း၍ အဆင်ပြေ

မကွေးတိုင်ဒေသကြီး မင်းဘူး(စကု)မြို့နယ် ရေတွင်းကုန်းကျေးရွာမှ ငရုတ်စိုက် တောင်သူများ ငရုတ်သီးစိမ်း ဈေးကောင်းမရသော်လည်း အထွက်နှုန်းကောင်း၍ အဆင်ပြေလျက် ရှိကြကြောင်း ရေတွင်း ကုန်းကျေးရွာ ဒေသခံတောင်သူများထံမှ သိရသည်။

မိုးညှင်းမြို့၌ ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သည့် ဒေသခံပြည်သူများအား Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ ပါးစပ်နှာခေါင်းစည်းမတပ်ဆင်သည့် ဒေသခံပြည်သူများအား Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းတို့ပတ်ယူခြင်းများကို ယနေ့ နံနက်(၉)နာရီတွင် ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ (ဧရာမင်း) ဧက(၁၀၀)အထူးဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်၊ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ(ဧရာမင်း)ဧက(၁၀၀)အထူး ဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ အထူးဇုန်စံပြစိုက်ခင်း၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ၊ မိုးစပါး(ဧရာမင်း) ဧက(၁၀၀) အထူးဇုန်စံပြစိုက်ခင်း စိုက်ပျိုး ဆောင်ရွက်မှု အခြေအနေနှင့် စံကွက်ရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများအား တောင်သူကြီးများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

မြစ်ကြီးနားမြို့တွင် ၅/၂၀၂၁ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ ပြည်နယ်အတွင်း လူသုံးကုန်၊ အလှကုန်၊ စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာနှင့် စက်ပြုပြင်ထိန်းသိမ်းနည်း နည်းပညာများကို ပြည်သူ့ဝန်ဆောင်မှုအဖြစ် အခမဲ့လက်ဆင့်ပွား သင်တန်းများ ပို့ချပေးလျက်ရှိသည်။

ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ​​ရောဂါ ကာကွယ်ထိန်းချုပ်နိုင်​ရေး အသိပညာ​ပေး နှိုးဆော်ခြင်း​ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီ ဌာန ဝန်ထမ်းများမှ ယနေ့နံနက်​ ၉ နာရီအချိန်က မြို့​ပေါ်ရပ်ကွက်အတွင်းသို့ အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ် ဒေါဝါးကျေးရွာတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်) စတင်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ပထမအကြိမ်) အဖြစ် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၆  ရက် နံနက်ပိုင်းက စတင်၍ ဒေါဝါးကျေးရွာတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့ပေါ် (ဃ)ရပ်ကွက်တွင် ဗလာမပါ ကံစမ်းမဲအစီအစဉ်နှင့် စတုဒီသာများ ကျွေးမွေးလှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများ ရရှိစေရန် စေတနာရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒီသာများ ကျွေးမွေးလှူဒါန်းလျက် ရှိရာ ယမန်နေ့က လှိုင်ဘွဲမြို့ပေါ် (ဃ) ရပ်ကွက်တွင် ဗလာမပါကံစမ်းမဲနှင့် စတုဒီသာများ ကျွေးမွေးလှူဒါန်းခဲ့ ကြောင်း သိရသည်။

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအတွင်းရှိ လမ်း သုံးလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်

 မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအတွင်းရှိ လမ်း သုံးလမ်း တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါလမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိသည့် တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။ 

ကျိုက်ဒုံမြို့၌ မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲက (ပြန်/ဆက်) ဦးစီးဌာန၊ ဓါတ်ပုံကျွမ်းကျင်-၂ မှ အမှတ် (၃) ရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Subscribe to