ပေါင်မြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း သရုပ်ပြ စိုက်ခင်း ပြသ

ပေါင် ဇွန် ၂၄

ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ကျခတ်ငူ ကျေးရွာရှိ တောင်သူ ဦးဇာ်လွင်၏ မြေ ၀.၅ဧက ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ‌ညွှန်ကြားရေးမှူး ဒေါက်တာနီနီမော်၊ မြို့နယ်အုပ်ချုပ်ဦးသိုက်ထွန်း၊ မြို့နယ် မွေးမြူရးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာသက်နိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများ တက်ရောက် စိုက်ပျိုးခဲ့ကြသည်။

တိရစ္ဆာန်အစားအစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးရန်၊ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစာများ ဖူလုံစွာ သုံးစွဲနိုင်ရေးနှင့် နေဗီယာမြက်ကို နွားစာအဖြစ် ကျွေးမွေးပါက လိုအပ်သောအဟာရဓာတ်ပမာဏများ ပြည့်ဝစေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊ နွား၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများသို့လည်း  နေဗီယာ​မြက် စိုက်ပျိုးနိုင်​​ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာက်နိုင်က ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)