ဘုတ်ပြင်း ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများကို ယနေ့နံနက်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် ဖြစ်ပေါ်နိုင်သည့် နောက်ဆက်တွဲပြဿနာများ မူးယစ်ဆေးဝါအန္တရာယ်နှင့် ပတ်သက်သည်များကို အသိပညာပေးပြောကြားခဲ့သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကိုပြသရာ အထက-ဘုတ်ပြင်း ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။
ဆက်လက်၍ ကာယ၊ ဉာဏ ပြိုင်ပွဲများအဖြစ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ရွက် ပြိုင်ပွဲများကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ပြီး မြို့နယ်ဦးစီးမှူးက အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)