စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

ပျဉ်းမနား ဇွန် ၂၄

စာသုံးသူရေးရာဦးစီးဌာန၊ ဒက္ခိဏခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျှက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောပွဲကျင်းပသည်။

အသိပညာပေးဟောပြောပွဲတွင် စာသုံးသူရေးရာဦးစီးဌာန၊ ဒက္ခိဏခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ က စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူများအတွက် အကာအကွယ်ပေးမှုများနှင့် စားသုံးသူနှင့်ကျန်းမာရေးဆိုင်ရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ကျောင်းသား/ကျောင်းသူများ သိရှိလိုသည့် ပြန်လည်မေးမြန်းချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်