ရှမ်းရွာသစ်မြို့တွင် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း (၉၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

ရှမ်းရွာသစ်   ဇွန်  ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မေလပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၉၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အရှည်(၄၇၀)မီတာရှိ လမ်းဘေးဝဲယာ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် (၆၂.၄) သန်းဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင်(၉၅)ရာနှုန်းခန့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊  သတ်မှတ်စံချိန်စံနှုန်းနှင့်အညီ အရည်အသွေးပြည့်မီရေးအတွက် စနစ်တကျကြီးကြပ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရေနှုတ်မြောင်းများလည်း ရေစီးရေလာကောင်းမွန်ပြီး မြို့တွင်းသန့်ရှင်းသာယာလှပ၍ အဆင်ပြေသွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)