ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်(၁၃၈၅၀)ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါများ တိုးချဲ့၍လျာထားစိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီတွင် စိုက်ဧက(၂၅၀)ဧက၊ မိုးရာသီတွင် စိုက်ဧက(၃၄၅၀)ဧက၊ မိုးနှောင်းရာသီတွင် စိုက်ဧက(၁၀၁၅၀)ဧက စုစုပေါင်း(၁၃၈၅၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ချည်မျှင်ရှည်ဝါများစိုက်ပျိုးရာတွင် မိုးကြိုစိုက်ဧကများအဖြစ် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာအုပ်စုများတွင် (၁၂၀)ဧက၊ ကျားကာ၊ ကုတ္တက်ကုန်း၊ မြေစိုမိုး ကောင်း၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုများတွင်(၈၀)ဧက၊ မင်းစု၊ စပါယ်တော၊ ရွှေအင်း၊ လေးဆယ်ကုန်း ကျေးရွာအပ်စုများတွင်(၅၀)ဧက၊ မိုးစိုက်ဧကများအဖြစ် ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာအုပ်စု များတွင်(၂၆၅၀)ဧက၊ ကျားကာ၊ ကုတ္တက်ကုန်း၊ မြေစိုမိုးကောင်း၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုများတွင်(၈၀၀)ဧကနှင့် မိုးနှောင်းစိုက်ဧကများအဖြစ် ပြည်တော်သာ၊ ရှမ်းတောင် ဦး၊ ပုထိုးနီ၊ ကုလားကျောင်း၊ ငှက္ကတောင်၊ ထန်းဇင်တော်၊ အရှေ့ငယ်တိုး၊ ရွှေဓား၊ ရဲဘော်ကြီး၊ ပတ္တာ၊ ပင်တလည် ကျေးရွာအုပ်စုများတွင်(၈၆၄၈)ဧက၊ ကျားကာ၊ ကုတ္တက်ကုန်း၊ မြေစိုမိုးကောင်း၊ ပဲခင်း၊ ပေါင်လောင်၊ ပေါက်ပင်ကွေ့၊ ဆူလေကုန်း ကျေးရွာအုပ်စုများတွင်(၁၅၀၂)ဧက စုစုပေါင်း(၁၃၈၅၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ရွှေတောင်(၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည် (၆) ချည်မျှင်ရှည်ဝါများ အဓိကစိုက်ပျိုးပြီး သီးနှံများအောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်း၍ နည်းပညာများကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)