ကျိုက်ဒုံမြို့၊ ဘုရင့်နောင်လမ်းမကြီး၊ ယုဇနလမ်းဆုံ၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကျိုက်ဒုံ ဇွန် ၂၄

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့် ယာဉ်များဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ(၆.၃၅၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ လမ်းဆုံနေရာ၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ လမ်းဆုံနေရာ၌ (Box Culvert) တံတား(၁)စင်းမှာ အလျား(၂၅)ပေ၊ အနံ(၄)ပေ၊ အမြင့်(၃)ပေဖြစ်ပြီး ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)