မိုင်းဖြတ် ဇွန် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် De Heus မြန်မာကုမ္ပဏီတို့ ပူးပေါင်းကြီးမှူး၍ ရှမ်းရှေ့သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းစနစ်မှန်ကန် စွာမွေးမြူရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းက ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်နှင့် မျိုးဝက်မများစနစ်တကျပြုစုစောင့်ရှောက်ခြင်း၊ ရောဂါ ကာ ကွယ်ရေးနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် De Heus မြန်မာမှ မန်နေဂျာ ဒေါက်တာမင်းဇော်ထွန်း( ရှမ်းတောင်၊ ရှမ်းရှေ့တာဝန်ခံ)က ကုမ္ပဏီနှင့် ထုတ်ကုန်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး ဒေါက်တာကျော်မင်းသူက ကောင်းမွန်သော ဝက်မွေးမြူရေးနည်း စနစ်များအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရပ်ကွက်/ကျေးရွာများမှ မွေးမြူရေး စိတ်ပါဝင်စားသူ ( ၂၅)ဦးတက် ရောက် ဆွေးနွေးခဲ့ကြကြောင်း၊ ထိုသို့ ရှင်းလင်းဆွေးနွေးပေးခြင်းအားဖြင့် မွေးမြူရေးနည်း စနစ်များကို ပိုမိုသိရှိနားလည်စေပြီး စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ် ( ပြန်/ဆက်)