သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ်(၂)လုံးအား  ထောက်ပံ့ငွေများ ပေးအပ်

ပေါင် ဇွန် ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ် (၂) လုံးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက  ပြုလုပ်ခဲ့ကြသည်။

မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်း၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လက်ပံကျွန်း‌ကျေးရွာ  ကုလားစုရွာ၌ နေအိမ် (၂)လုံးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ (၂၂-၆-၂၀၂၂)ရက်နေ့ နေ့လယ် ၂နာရီအချိန်ခန့်တွင် ပေါင်မြို့နယ် ​​လက်ပံကျွန်း ကျေးရွာအုပ်စု၊ ကုလားစု​​ကျေးရွာတွင်  ကမ်းပါး ပြိုကျမှုကြောင့် ​ ကြိုတင်ဖျက်သိမ်း​ ပြောင်းရွှေ့ခဲ့ သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ(၂၁၄၇၀၀/-)ကျပ်အား ယနေ့က ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

လက်ပံကျွန်းကျေးရွာသည် မုတ္တမပင်လယ်ဂွေ့အတွင်း ကျွန်းတစ်ကျွန်းဖြစ်ပြီး ရာသီပေါ်သီးနှံများကို စိုက်ပျိုးသည်နှင့်အညီ  နှုန်းမြေများဖြင့် ဖွဲ့စည်းထားသည့်  ကျွန်းတစ်ကျွန်း  ဖြစ်သည်နှင့်အညီ   မြေပြိုကျမှုများလည်း ရံဖန်ရံခါ  ဖြစ်ပေါ်မှုများ ရှိနေခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)