ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သယံဇာတ ထိန်းသိမ်းရေး အသိပညာပေး Talk Show ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျိန္တလီမြို့၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပူးပေါင်း၍ သယံဇာတ ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ကဝ-ပဲခူးလမ်းမကြီး ရှမ်းကန်လမ်းဆုံ၌ ယနေ့ နံနက်(၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် Mask Campaign ပြုလုပ်

မကွေးတိုင်းဒေသကြီး အမျိူးသမီးကော်မတီသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် Mask Campaign ကို ယနေ့ နံနက်ပိုင်းက မကွေးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းရှေ့ အ.ထ.က(၁) လမ်းရှိ လမ်းသွား/လမ်းလာ ပြည်သူများအား လိမ္မော်ရောင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မုန့်မျိုးစုံ ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကျင်းပ

တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် ဒေသထွက်သီးနှံများကို အခြေခံ၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စားသောက်ကုန်ပစ္စည်းများအား ဗီတာမင်နှင့် အာဟာရဓာတ်များ ပြည့်ဝစွာပါရှိ၍ ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မုန့်မျိုးစုံ ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျန်စုအုပ်စု၊ ရေဝေ(ကံတွင်း)ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့ ဧရာဝတီမြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေလယ်ကွက်များတွင် တောင်သူများ အလှည့်ကျ စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းနံဘေးရှိ စိုက်ပျိုးမြေလယ်ကွက်များတွင် တစ်နှစ်တစ်ကြိမ် မဲနှိုက်စနစ်ဖြင့် စားသောက်ကုန် သီးနှံများကို အလှည့်ကျ စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများ ထံမှ သိရသည်။

နမ့်ခမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်း လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မြို့မဈေးကြီးအတွင်း ဈေးရောင်း ချသည့် ဈေးသူဈေးသားများအနေဖြင့် ရုတ်တရက် မီးလောင်မှုဖြစ်ပွားလာပါက တုန်လှုပ်မှု ကင်းစွာဖြင့် မီးငြိမ်းသတ်နိုင်စေရန် ရည်ရွယ်ပြီး လက်တွေ့မီးငြိမ်းသတ်မှုများကို သင်ကြားပြသ ဆောင်ရွက်ပေးခြင်းနှင့် မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယမန်နေ့ညနေပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

မြောက်ဦးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွင်း ဘာသာရပ် ဆိုင်ရာ ရက်တိုသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ရုံးများ ဖြစ်သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့်မြေပုံမြို့နယ်ရုံးများတွင် အသစ်တာဝန်ပေး ခန့်အပ်တာဝန်ပေးခံရသော ဝန်ထမ်းများအား အခြေခံစစ်ရေးပြနှင့် ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ရက်တိုသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမအတွင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့နယ်၌ ယမန်နေ့က မက်မန်းမြို့နယ် တာကော်လေးအုပ်စု၊ တာကော်လေးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်များအခမဲ့ကွင်းဆင်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၌ International Volunteer Day အပြည်ပြည်ဆိုင်ရာ စေတနာ့လုပ်အားရှင်များနေ့ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း စွမ်းအားခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အပြည်ပြည်ဆိုင်ရာ စေတနာ့ လုပ်အားရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့သည်။
Subscribe to