ဒလ ဇွန် ၂၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက အေရိုးဗစ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒလမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသူများ၏ အားလပ်ချိန်များတွင် ညဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကိုယ်ကာယကြံ့ခိုင် ကျန်းမာစေရန် ရည်ရွယ်၍ အေရိုးဗစ်အားကစားနည်းသင်တန်းကို မြို့နယ် အားကစားနှင့် ကာယအညာဦးစီးဌာနတို့နှင့် ပူးပေါင်းဖွင့်လှစ်ပေးရကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
အဆိုပါသင်တန်းကို ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ နံနက် ၇ နာရီမှ ၉နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းတွင် သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့ကြသည်။
သီတာဝင်း