မိုးညှင်း ဇွန် ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်ကျောင်းမှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်(၉)နာရီမှ စတင်ကာ ကျန်းမာရေးဝန်ထမ်းများက လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီလွင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြတ်ခိုင်ကို၊ ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီး၊ မိုးညှင်းတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ အစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှ ကျောင်းအုပ်ကြီး ဦးကျော်ကျော်မြင့်၊ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများနှင့် ဆရာဆရာမကြီးများက လိုက်လံကြီးကြပ် ဆောင်ရွက်လျက်ရှိရာ မိုးညှင်းတက္ကသိုလ်မှ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦး၊ အစိုးရနည်းပညာကောလိပ်မှ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူ (၆၀)ဦး စုစုပေါင်း(၂၆၀)ဦးတို့ကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေးခဲ့ကြောင်း၊ ကျန်ရှိနေသူများကိုလည်း ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)