မင်္ဂလာဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်း၊ ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်းအသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ကာကွယ်ဆေးပထမ/ဒုတိယအကြိမ်ထိုးနှံပေးခြင်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အစဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ချောင်းကြီးရပ်ကွက် မိုးလုံ လေလုံအားကစားရုံတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် သံဃာတော်(၁)ပါး၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ လုပ်သား(၁၂)ဦး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးလုပ်သား(၁၀)ဦး၊ ပို့ကုန်/သွင်း ကုန်လုပ်ငန်း လုပ်ကိုင်သူ(၇)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူ (၄၅၁)ဦး၊ စျေးသည် (၁၁၃)ဦး၊ မှီခို(၂၀၁)ဦး၊ နာတာရှည်ရောဂါသည် (၃၁၃)ဦး၊ စုစုပေါင်း(၈၀၈)ဦးအား ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။

ကျုံပျော်တွင် ငါးသယံဇာတ ထိန်းသိမ်းမှုအကြောင်းသိကောင်းစရာ Talk Show ကျင်းပ

ကျုံပျော်တွင် ငါးသယံဇာတ ထိန်းသိမ်းမှုအကြောင်းသိကောင်းစရာ Talk Show ကျင်းပ ကျုံပျော် ဒီဇင်ဘာ ၇ လပြည့်ဦး(ပြန်/ဆက်)

မြောင်းမြမြို့တွင် Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက မြောင်းမြမြို့ခရိုင်စိုက်ပျိုး​ ရေးဦးစီးဌာနနှင့် သမဝါယမဦးစီး ဌာနများ၌ သွား‌ရောက်ဆောင်ရွက်ပေးခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၁)ရပ်ကွက်၌ "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူ့ထံအရောက် ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး‌‌၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ် (၁၁)ရပ်ကွက်ရှိ ပြည်သူများအား သာသနာ့ဝံသဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်း က "ပန်းခင်းစီမံချက်" ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ပြည်သူ့ထံအရောက် ပြုလုပ် ဆောင်ရွက်‌ ပေးလျက်ရှိ ကြောင်း သိရသည်။

မြောင်းမြခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်၊ နိုင်ငံပိုင် အခန်းရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများ အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် ၂ နာရီ က စာဖတ်ဝိုင်းကျင်းပခဲ့သည်။

အိမ်မဲမြို့နယ် Community Centre ခန်းမ၌ Physical Fitness Dance ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Physical Fitness Dance ပြိုင်ပွဲကို Community Centre ခန်းမ၌ ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၉၀)ဦး အား ပထမအကြိမ်(ပဉ္စမ)ရက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန်ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး မထိုးနှံရသေးသူ အသက် (၁၈)နှစ် အထက်ပြည်သူများအား ပထမအကြိမ် (ပဉ္စမ)ရက်နေ့အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ဟိုပန်၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး လျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ​ရုံးကုန်းရပ်ကွက်ရှိ မြို့တော်ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်)ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ် အထက်  ဒေသခံပြည်သူများအား ယမန်နေ့နံနက်ပိုင်းက စတင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်း များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို ဆက်လက်ထိုးနှံပေးခဲ့သည်။
Subscribe to