ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား ယနေ့နံနက် ၉ နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်လင်းက ဥပဒေရေးရာဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က သတင်းအမှား/ အမှန် ခွဲခြားရေး အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဆရာမ ဒေါ်ခင်မာအေးက ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်နန်း ရွှေကြာက အမျိုးသမီးများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများအား ဟောပြောခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသူများ စုစုပေါင်း ( ၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)