မဟာအောင်မြေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသ

မဟာအောင်မြေ ဇွန် ၂၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ လက်ကမ်းစာစောင်ဖြန့်ဝေမှုနှင့် နံရံကပ်စာစောင်ပြသခြင်းကို  ယ‌နေ့နံနက် (၁၁) နာရီက မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက  ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရန် စာပေများဖတ်ရှုသင့်သည့်အကြောင်း စာပေဖတ်ရှုလေ့လာမှသာလျှင် အမှားအမှန်ဝေဖန်နိုင်ပြီး အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွန်းလာကာ နိုင်ငံနှင့်လူမျိုးအကျိုးပြုလုပ်ငန်းတွေမှာပါဝင်နိုင်မည်ဖြစ်ကြောင်း မူးယစ်ဆေး၏အန္တရာယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးကြောင့်ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် မူးယစ်ဆေးဝါး၏အဓိပ္ပာယ်စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်နှင့်ဆေးလိပ်အန္တရာယ်အကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။ 

ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောသတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများထံဖြန့်‌ဝေပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်းမှ ကျောင်းသား/ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇော်မင်း