ပေါက်မြို့နယ် မုန်ကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း(၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

 မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ဆန်စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ငရုပ်၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ပဲမျိုးစုံနှင့် ငှက်ပျော စသည့်သီးနှံများ စိုက်ပျိုးကြရာ ယခုနှစ်မိုးနှောင်းကာလ၌ မုန်ကုန်းကျေးရွာတွင် ဒေသနှင့် ကိုက်ညီသော ရေဆင်း (၁၁)မြေပဲမျိုးများ စိုက်ပျိုးထားရှိကြရာ တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဟောပြောပွဲ ဆောင်ရွက်

၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်တွင် ကျရောက်ခဲ့သည့် (၇၇)နှစ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်−၁၉ရောဂါ စည်းကမ်း ချက်များနှင့်အညီ ကျင်းပပြုလုပ် ခဲ့သည်။

နတ်မောက်မြို့နယ်တွင်ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးအတွက်နှာခေါင်းစည်း Mask Campaign ဆောင်ရွက်

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျှင်မြန် ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေးနှာခေါင်းစည်း Mask Campaign ကို ယနေ့နံနက် ၈နာရီခွဲအချိန်ခန့်က လူစည်ကားသည့်မြို့မစည်ပင်သာယာရေးအဖွဲ့ ယာယီစျေးတွင် ဆောင်ရွက် ခဲ့ကြသည်။

မိုးညှင်းမြို့၌ စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စာ‌ဆိုတော်နေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာ စောင်ပြပွဲကို ဒီဇင်ဘာ (၄)ရက် မွန်းလွဲ(၃)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် ကော့မြတ်ကြီးကျေးရွာတွင် အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျေးရွာနေပြည်သူများ အနေဖြင့် လူနာများ ပြုစုစောင့်ရှောက်ရာတွင် လိုအပ်သော ပြုစုနည်းများ ပြုစုနိုင်ရန်၊ အခြေခံပြုစု နည်းနှင့် ပတ်သက်၍ အသိပညာဗဟုသုတများ ရရှိနိုင်စေရန်အတွက် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းကို ယမန်နေ့က ကော့မြတ်ကြီးကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေး ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ဒေသခံများ သောက်သုံးရေအဆင်ပြေစေရန် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် သန်း ခြောက်ဆယ်ကျော်ဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

နာဂဒေသ၊ ပန်ဆောင်မြို့၌ မူလတန်း အဆင့် ကဗျာရွတ် ပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် တွင်စာရေးဆရာအသင်းစာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ် စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်း အမှတ်အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဥသျှစ်ပင် မြို့စာရေးဆရာ အသင်းရုံးအလင်္ကာခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ တွံ​တေး၌ကွင်းဆင်း ဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ယမန်နေ့ နံနက်၉နာရီအချိန်က စမ်းရွာကျေးရွာနှင့်ထော်သိုကျေးရွာရှိဘုန်းတော်ကြီးကျောင်းဓမ္မာရုံများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဟုမ္မလင်းမြို့၌ အရည်အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခဲ့ရာ(၈၀)ရာခိုင်နှုန်းအောင်မြင်ဖြစ်ထွန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အရည်အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခြင်းနှင့် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကက်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၁၃၂၊ ရွာမကွင်း၊ ဦးပိုင်အမှတ် - ၄၂ - ၁၊ တောင်သူ ဦးထွေးလင်း၏ မိုးစပါးစိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Subscribe to