နောင်ချိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာယနေ့နံနက်ပိုင်းက မိုးသောက်ပန်းဂျာနယ်ပါ စာရေးဆရာထွန်းဝင်း (ရန်ကုန်တက္ကသိုလ်)၏ “မုံလာပင်ကလေး” ခေါင်းစဉ်ဖြင့် ပုံပြောအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆို သည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မီတင်းနေထိုင်ကြသော နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် မေလ ပထမ ပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီအချိန်က စတင်၍ ခရမ်းမြို့ အမှတ်(၁၂)ရပ်ကွက် ရေကျော်ဘုန်း‌တော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ချောင်းသာမြို့၌ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ချောင်းသာမြို့၌ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး ချောင်းသာ ဒီဇင်ဘာ ၆ ကျော်ကျော်(ချောင်းသာ၊ပြန်/ဆက်)

ကျောက်တံတားမြို့နယ်တွင် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ)အကြိမ် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အသက် (၁၂)နှစ် အထက်ရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်(၉)နာရီအချိန်၌ အ.ထ.က-ကျောက်တံတားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ စုစုပေါင်း (၇၂)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီခန့်က ခရိုင်အထွေထွေ အုပ်ချုပ်ရေဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို မြို့ပေါ်ဆေးထိုးစုရပ် နေရာဖြစ်သည့် မြို့တော်ခန်းမတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်၌  ပြည်သူများအား ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒီဇင်ဘာလ ၆ရက်နေ့က မြို့နယ်အားကစားရုံ၊ မြို့အဝင် စစ်ဆေးရေးဂိတ်နှင့် ကျေးရွာဆေးထိုးစုရပ်များတွင် ဆက်လက် ထိုးနှံခဲ့ သည်။

မင်းပြားမြို့မသင်းချိုင်း၌ မီးသင့်ဂြိုဟ်စက်ရုံတည်ဆောက်ရန် မြေသန့်မဂ်လာပြုလုပ်ခြင်းနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ နာရေးကူညီမှု ဖောင်ဒေးရှင်းမှ ဦးဆောင်ပြီး အမှတ်(၂) မီးသင့်ဂြိုဟ်စက်ရုံတည်ဆောက်ရန် မြို့မသင်းချိုင်း၌ နာယကဆရာတော် များအား ပင့်ဖိတ်ကာပရိတ်တရားတော်မြတ်ကိုနာယူပြီး မြေသန့်မဂ်လာပြုလုပ်ခြင်းနှင့် အလှူငွေ များပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့ က ကျင်းပပြုလုပ်ကြသည်။

ပုံပါကျင်မြို့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရှိရသည်။

ဟုမ္မလင်း၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်း ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အိမ်တွင်းမှုလုပ်ငန်း ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့် ဆပ်ပြာရည် ထုတ်လုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန် က အဆိုပါရုံးသင်တန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to