ပန်းဘဲတန်း ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် “အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အကြို ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးကို မသုံးမိစေရန်နှင့် မူးယစ်ဆေးဝါး၏ သားကောင်များမဖြစ်စေရန်၊ ကျောင်းစာအပြင် အပြင်ဗဟုသုတများ ပါရရှိ၍ ဉာဏ်ရည်ဉာဏ်သွေးမြင့်မား လာစေရန်ရည်ရွယ်၍ ယခုပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦးဝင်ရောက်ယဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိက ဆုများချီးမြှင့်ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းဘဲတန်းမြို့နယ်ရုံးတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အထိမ်းအမှတ် နေ့ကြီးရက်ကြီးများတွင် ပြပွဲပြိုင်ပွဲ၊ ဆွေးနွေးပွဲများ၊ Talk Show များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)