မန္တလေးခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရန် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေး

မန္တလေးခရိုင်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးခရိုင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ သိရသည်။

တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်၊ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ရန်လျာထားသည့် အဆိုပြုလုပ်ငန်းစီမံကိန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖုန်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးကြီးကြပ်မှုကော်မတီနှင့် ကျန်းမာရေးဦးစီးဌာနတို့ဦးဆောင်၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဖုန်းကုန်းကျေးရွာရှိ ဒေသ ခံပြည်သူများအား သတ်မှတ်စုရပ်တွင်ကာကွယ် ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။

အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးTalk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centreတွင် အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်း အမှတ်အဖြစ် အိမ်တွင်းအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးTalk Showကို ယနေ့နေ့လယ် (၁၂) နာရီက ကျင်းပခဲ့သည်။

ဒဂုံမြို့နယ်တွင် အသက်(၄၀)နှစ်နှင့် အထက် အသက်(၄၅)နှစ်မှ (၅၄)နှစ်အတွင်း ရပ်ကွက်နေပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့် အထက်  ရပ်ကွက်နေပြည်သူ လူဦးရေ စုစုပေါင်း(၂၇၅)ဦးကို ၎င်းအသက်(၄၅)နှစ်မှ (၅၄)နှစ်ရှိပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် (Sinopharm) ကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း(၄၇၀)ဦးတို့အား အသီးသီးထိုးနှံပေးခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ပရဟိတအသင်းများဖြင့် တွေ့ဆုံ၍ ညှိုနှိုင်းဆွေးနွေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများ၏ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ပရဟိတအဖွဲ့များနှင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့တို့ တွေ့ဆုံကာ ရှေ့ဆက်၍ ပြည်သူများအတွက် လိုအပ်သည့် အရေးပေါ်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစဥ်များပိုမို ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိုနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ လမ်းကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီး ရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာသစ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ သုဿာန်အဝင်လမ်း ကျောက်စီ ရေမြောင်းအပိုင်း(၄)ပြုလုပ်ခြင်း လုပ်ငန်းကို မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံ ပေး လျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ​ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to