ရခိုင်ပြည်နယ် မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင် တန်း(၁/၂၀၂၁)သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန် မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ညီညွတ်သောရခိုင်လူငယ်အစည်းအရုံး(UAYU)နှင့်Women For Women(WFW)မှမြို့သန့်ရှင်း သာယာ လှပရေးအတွက်ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မင်းပြားမြို့နယ်၌ ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး (UAYU)နှင့်ပူးပေါင်းပြီးမိမိတို့Women For Women(WFW)မှ မင်းပြားမြို့သန့်ရှင်း သာယာလှပရေး အတွက်အမှိုက်များကောက်ခြင်း၊ ခြုံနွယ်များအားရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်း များကို ယမန်နေ့က မင်းပြားမြို့မ ဆေးရုံကြီးလမ်းတစ်လျှောက်၌ ကျင်းပပြုလုပ်ကြသည်။

ကျွန်းလှမြို့နယ်၌ ကန့်လန့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် စပါးအပြင် ဟင်းသီးဟင်းရွက်သီးနှံများအား ချောင်းရေတင် စိုက်ပျိုးလျက်ရှိရာ ကန့်လန့်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

သရက်မြို့၌ အဋ္ဌမတန်းဘာသာရပ် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပညာအလင်းအရောင်မြှင့်ထွန်းညှိရေး ပရဟိတအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် စာသင်နှစ်တွင် အဋ္ဌမတန်းဘာသာရပ်ထူးချွန်သူများအား ဆုချီးမြှင့်ပွဲအခမ်းနားကို ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ရုံးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၃၉၄၆)ဦး ပြုလုပ်ပေးပြီးဖြစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပြီးစီးသူ (၃၉၄၆)ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ဧရာဝတီတိုင်းဒေသကြီး  အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ mask campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၈ နာရီခွဲမှစတင်ကာ ပုသိမ်မြို့ ကမ်းနားလမ်းမြို့တော်ခန်းမရှေ့ရှိ ရှုခင်းသာရင်ပြင်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဦးစီးမှုး ဦးမိုးကျော်လွင်နှင့်ဝန်ထမ်းများက လမ်းပေါ်တွင် သွားလာလှုပ်ရှားနေကြသူများအား Mask များ အခမဲ့ပေးဝေခဲ့ကြသည်။

မင်းလှမြို့နယ်တွင်ပနီဆုံ(အလက)ကျောင်းဆောက်လုပ် နေမှုအားမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပနီဆုံကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မင်းလှမြို့နယ်ပနီဆုံကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း ဆောက်လုပ်‌နေမှု အခြေအနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်အရည် အသွေးစစ်ဆေးရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နေ့လယ်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

မိုင်းခုတ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုများပြားလာခြင်းကြောင့် ဇူလိုင် ၉ ရက်နေ့တွင် ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်း လာခြင်းကြောင့် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး ပြန်လည်ဖွင့်လှစ်ကာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လက်ပံငူကျေးရွာအုပ်စု ကုန်ထုတ်လမ်းဖောက်လုပ်မှု အခြေအနေအား သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ သရက်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး၊ မြို့နယ်ကျေးလက် ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ (၄၈.၀၇၀)သန်းဖြင့် ဆောင်ရွက်မည့် ဆင်ပေါင်ဝဲ မြို့နယ် လက်ပံငူကျေးရွာအုပ်စု ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရှု ခဲ့သည်။

ဝါးခယ်မမြို့နယ်‌ တိုက္ကလားကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနဌာနမှ  “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဒီဇင်ဘာ ၄ ရက်နေ့ နံနက်(၈)နာရီက ‌ တိုက္ကလားကျေးရွာအုပ်စုရှိ ပြည်သူများအတွက် အိမ်ထောင်စုလူဦး ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ  အရောက်ကွင်းဆင်းဆောင် ရွက်‌ပေးခဲ့ကြောင်းသိရသည်။
Subscribe to