မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ (ဧရာမင်း) ဧက(၁၀၀)အထူးဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနား တက်ရောက်၊ သဖန်းဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ မိုးစပါ(ဧရာမင်း)ဧက(၁၀၀)အထူး ဇုန်စံပြစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲနှင့် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ အထူးဇုန်စံပြစိုက်ခင်း၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ၊ မိုးစပါး(ဧရာမင်း) ဧက(၁၀၀) အထူးဇုန်စံပြစိုက်ခင်း စိုက်ပျိုး ဆောင်ရွက်မှု အခြေအနေနှင့် စံကွက်ရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများအား တောင်သူကြီးများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။