နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် မိုးရာသီတိရိစ္ဆာန်အစာပင်များဖြစ်သည့် နေဗီယာမြက်များ စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက မိုးရာသီ တိရိစ္ဆာန်အစာပင်များဖြစ်သည့် နေဗီယာမြက်များစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် (၁၀) အချိန်က တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာရှိ တောင်သူဦးသံချောင်း တစ်ဧကခြံဝန်းအတွင်း၌ ကွင်းဆင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာကဏ္ဍ စက်စွမ်းအား တိုးမြှင့်အသုံးပြုရေး ပညာပေးဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လယ်ယာကဏ္ဍစက်စွမ်းအား တိုးမြှင့်အသုံးပြု‌ရေး ပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီက တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ (SMU) ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်၊ စက်မှုလယ်ယာဦးစီးဌာန တိုင်းဦးစီးမှူး ဦးနိုင်ဦးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန ဒက္ခိဏခရိုင်ဦးစီးမှူး ဦးဝင်းမြင့်နှင့် ဝန်ထမ်းများ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် စိတ်ပါဝင်စားသူ တောင်သူ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်  ၁၉၉၁ စင်တီမီတာရောက်ရှိလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာသို့ ရောက်ရှိရန် ၁၉၉၁ စင်တီမီတာသို့ တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်လှစ်သင်ကြားပေး

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါရုံးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့​သည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြ ပွဲနှင့် ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အ.ထ.က(ခွဲ)ညိုပင်၌ ကျင်းပသည်။

ဗန်းမော်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။  

ဗိုလ်တထောင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး “သတင်းစကား” လက်ကမ်း စာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန် ၂၆ ရက် နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား” လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများ၌ ယမန်နေ့က ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ ဒေဒေါင်းထွန်စက်များပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ နိုင်ငံတော်မှ (၅၀)ရာခိုင်နှုန်းကျခံပြီး Smart Village ကျေးရွာများသို့ ဒေဒေါင်းထွန်စက်များ ‌ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီ အချိန်က ကျောင်းတန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ပြုလုပ်ခဲ့သည်။
Subscribe to