ဟုမ္မလင်း ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဧဆက်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်နှင့် အနာဂါတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်စို့၊ မူးယစ်ကင်းဝေးကျန်းမာရေး အားကစားနှင့်မြှင့်တင်ပေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ မူးယစ်ဆေးကိုဆန့်ကျင်စို့ ဟောပြောခြင်းနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းမြို့နယ် ပြန်/ဆက်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)