မိုင်းနောင်မြို့ အထကကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းနောင် ဇွန် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်အတွင်း နေထိုင်နိုင်ရေး၊ ပိုးလောက်လန်းများ ကိန်းအောင်းမှုမရှိစေရေး အတွက် (အဘိတ်ဆေး)ခတ်ခြင်းများကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် စာသင်ကျောင်းရှိ ရေကန်များ၊ ရေဝပ်သည့်နေရာများတွင် ခြင်ကျားလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် (အဘိတ်ဆေး)ခပ်ခြင်း ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများတွင် မိုးရေနှင့်ရေဆိုးရေညစ်များ မရှိစေရေး ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ကျား လောက်လန်းကြောင့် ဖြစ်ပေါ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးဏှောက်ရောင် ရောဂါများအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့      ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စခန်းမှူး ရဲအုပ်ဇော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးဌာန၊ စာတိုက်များမှတာဝန်ခံများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးများပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)