ကမာရွတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

ကမာရွတ် ဇွန် ၂၄

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နံနက် ၁၀ နာရီက အ​ခြေခံပညာအထက်တန်း အမှတ် (၂)  သရဖီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ​ စာဖတ်ပရိတ်သတ်များ၊‌ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပိုစတာများ၊ ကွမ်းစားသုံးခြင်း၏ ဆိုးကျိုးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မူးယစ်‌ဆေးဝါး၏ ဆိုးကျိုးဆိုင်ရာ အသိပညာပေးစာအုပ်၊ စာစောင်များကို ကဏ္ဍစုံလင်စွာပြသထားကြောင်း သိရသည်။

ယခုလို မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် နံရံကပ်စာ‌စောင်နှင့် စာအုပ်ပြပွဲပြုလုပ်ရခြင်းမှာ မြို့နယ်အတွင်းရှိ  ကျောင်းသူ၊ ကျောင်းသားများ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ် အကြောင်းကို သိရှိပြီး ရှောင်ရှားနိုင်စေရန်အတွက် နံရံကပ်စာစောင်ပြသခြင်းဖြစ်ပြီး စာပေဖတ်ရူခြင်းဖြစ်လည်း မူးယစ်ဆေးဝါး၏ အန္တရာယ်မှ ကင်းဝေးစေရန်အတွက်နှင့် မူးယစ်သားကောင်အဖြစ်မှ ရှောင်ရှားနိုင်စေရန်ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ​ဒေါ်စိမ်းလဲ့က ပြောကြားခဲ့ကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)