ဖားဆောင်း ဇွန် ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် အရည်အချင်းများဆီသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာပေချစ်သူများ အကြိုက် စာအုပ်ဖြင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ အသိပညာများ မျှဝေဆွေးနွေးနိုင်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အရည်အချင်းဆီသို့စာအုပ်မှ ဘဝမှာဖြူဖြူစင်စင်နေပါ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် Book club အဖွဲ့ဝင် ဦးဖရန်းစစ်က အရှက်အကြောက်တရား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book club အဖွဲ့ဝင် ဒေါ်စန်းစန်းဝင်းက သူများမကောင်း ကိုယ်သာကောင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဦးဉာဏ်လင်းကျော်က အကျိုးပြု စာပေတစ်ခုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)