ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

ရွှေပြည်သာ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝင်ကြီးဌာနမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ကွင်းဆင်း ပြုလုပ်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀) အချိန်တွင် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူ များ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးတွင်လည်း‌ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစီစစ်ရေးကတ်ပြား ကိုင်ဆောင်စို့ဆောင်ပုဒ် နှင့်အညီ ကျောင်းသား/သူများ၊ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား များနေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)