ညောင်လေးပင်မြို့နယ်၌ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် (Mask Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး (Mask Campaign)ကို မြို့နယ်ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉နာရီခွဲအချိန်က မီးသတ်ဦးစီးဌာနရှေ့့နှင့် မြို့မဈေးကြီးရှေ့့တို့၌ ဆောင်ရွက်ခဲ့ကြ သည်။