ကဝမြို့နယ်၌ ပဲခူးမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖူလုံစေရန်အတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပဲခူး-ကဝ မြစ်ကူးတံတားတွင် ကျင်းပခဲ့သည်။