မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မှော်ဘီ ဇွန် ၂၄

၂၀၂၂ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုများ  တိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် မူးယစ် ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ​မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နေ့လည် ၁ နာရီအချိန်က ကျင်းပဆောင်ရွက်သည်။

ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မှော်ဘီမြို့နယ်ရုံးမှ ဉီးစီးအရာရှိ ဉီးအေးသိန်းက မူးယစ်ဆေးဝါးအန္တရာယ်ကို အများပြည်သူတို့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်ပြီး စာရေးဆရာ ဝင်းနွယ် (ပုသိမ်)နှင့် စာရေးဆရာဝင်းဇော်(သုံးဆယ်)တို့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ အကြိုးဆက်ဆိုးကျိုးများနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို မှော်ဘီမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာ၌ အများပြည်သူများ လေ့လာကြည့်ရှု နိုင်စေရေး ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် အသိပညာပေး အကြောင်းအရာ Talk Show အစီအစဉ်ကောင်းများကို ဆက်လက်ရိုက်ကူးထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဇော်