ပင်လုံမြို့အထက(၁)ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ပင်လုံ ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို အမှတ်(၁)အခြခံပညာအထက်တန်းကျောင်း၌ ပင်လုံမြို့ရုံးဝန်ထမ်းများက ယနေ့နေ့လယ်(၁)နာရီက ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံမှတားဆီးကာကွယ်ရေး၊ ကဗျာ၊ကာတွန်းစသည့် အချက်များပါဝင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)