“မူဆယ်မြို့ ရွှေလင်းယုန်ကိုယ်ပိုင်ကျောင်း၌  အသိပညာပေးဟောပြောပွဲကျင်းပ”

မူဆယ် ဇွန် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ လီဆူစာပေယဉ်ကျေးမှုအဖွဲ့ ကျောင်းအုပ်ဆရာ ဦးလာလေး၏ ရွှေလင်းယုန်ကိုယ်ပိုင်ကျောင်း၌  ကျောင်းသူ/သားများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်စေရန် ကျောင်းပြဋ္ဌာန်းဗလာစာအုပ်များနှင့် ကျောင်းသားကျောပိုးအိပ် အလုံး (၃၀)တိုကိုလည်း အခမဲ့ပေးအပ် လှူဒါန်းခြင်းအပြင် ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန် စာများများ ဖတ်ရန်လိုကြောင်း၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန် ဥပမာပေးနမှုနာများဖြင့် ရှင်းပြခဲ့ပြီး ကျောင်းသူ/သား တစ်ဦးခြင်းအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး လက်ကမ်းစာစောင်များအခမဲ့ပေးဝေခဲ့ပြီး အဆိုပါ ဟောပြောပွဲကို ကျောင်းသူ/သား (၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မောင်(မူဆယ်)