မြန်အောင်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲ ကျင်းပ

မြန်အောင် ဇွန်  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂ -၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲကို ယနေ့ ညနေ ၃ နာရီက ကန်ဇွန်းခုံ ကျေးရွာအုပ်စုကွင်းအမှတ် (၂၃၅) ကန်ပေါ်ကုန်းကွင်း ၀.၅ ဧက ဦးဝေစိုး၏ ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်းတုံးပိတ်စိုက်ပျိုးပွဲသို့ မြန်အောင်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြိီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးမြင့်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။ ယခုနှစ်မိုးရာသီတွင် မြန်အောင် မြို့နယ်၌ ကျေးရွာအုပ်စု (၂၀) တွင် တောင်သူ (၉၆၂) ဦးတို့မှ မိုးနေကြာ (မျိုးစေ့ထုတ်) ဧက (၁၃၀၀) စိုက်ပျိုးပြီးစီးကြောင်း သိရှိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)