ဒဂုံအရှေ့ ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် " နိုင်ငံသား စိစစ်ရေးကတ်ပြားများအကြောင်း သိကောင်းစရာများ၊ အသုံးဝင်ပုံ၊ လိုက်နာရမည့်အချက်များ အသိပညာပေးခြင်းနှင့်ပန်းခင်းစီမံချက်" ဖြင့် ကွင်းဆင်းဆောင်ရွက်ထားရှိသော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရှမ်းတဲကြီးကျေးရွာတွင် ပြည်သူများထံ လက်ဝယ်အရောက် ယနေ့နံနက် ၉ နာရီအချိန်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအကြောင်း သိကောင်းစရာများ၊ အသုံးဝင်ပုံ၊ ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များအား အသိပညာပေး ရှင်းလင်း ပြောကြားပြီးနောက် ပန်းခင်းစီမံချက်ဖြင့် ရှမ်းတဲကြီးကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ထားရှိသော လုပ်ငန်း (၄) မျိုးမှ နိုင်ငံသားစိစစ်ရေးကတ် (၁၀) နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ နိုင်ငံသားကတ် (၁၀) နှစ်ပြည့်မှ (၁၈) နှစ်ပြည့် လဲလှယ်သူများ (၁၈) နှစ်ပြည့် နိုင်ငံသားကတ်ပြုလုပ်သူများနှင့် မိတ္တူအပါအဝင်စုစုပေါင်း (၁၃၀) ဦးတို့အား ပြည်သူများထံ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြိုသစ် (အရှေ့ပိုင်း) မြို့နယ် ဦးစီးမှူးရုံးတွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကိုင်ဆောင်စို့" ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် နေ့စဉ်ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းအိမွန် (ပြန်/ဆက်)