ထန်းတပင် ဇွန်၂၆
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် သန့်ရှင်းသာယာလှပစေရေးတို့အတွက် ယမန်နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးကို တာဝန် ရှိသူများက အဆိုပါတက္ကသိုလ်တွင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကျောင်းဝင်းအတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကိုအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှဦးဆောင်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။
ကွင်းဆင်း ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တိုင်းဒေသ ကြီးစည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူက ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကျောင်း ဝင်း အတွင်း/အပြင်ရှိ မြက်ပင်များ၊ ချုံနွယ်များ ရှင်းလင်းနေမှုများ၊ အမှိုက်များကောက်ခြင်း၊ လျှောက်လမ်းများနှင့် မလွတ်ကင်းသည့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေသည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)