ပုဏ္ဏားကျွန်း ဇွန် ၂၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ကျောင်းပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာနမိသားစုမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့ အခြေခံပညာ မူလတန်းလွန် (မြို့သစ်) ကျောင်းခြံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်း ဦးဆောင်ပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးညွန့်ဝင်းနှင့် တပ်ဖွဲ့ဝင်မိသားစုများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန်းထွန်းနှင့် တပ်ဖွဲ့ဝင်များတို့က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ပေးခြင်း၊ ကျောင်းခြံဝင်းအတွင်းရှိ ခြင်ပေါက်ပွားနိုင်သည့် ချုံနွယ်မြက်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဝပ်နိုင်သည့် ချိုင့်ခွက်များအား မြေဖို့ပေးခြင်း၊ ပလတ်စတစ်အိတ်ခွံများနှင့် အမှိုက်သရိုက်များအား တက်ညီလက်ညီစုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)