ရွှေပြည်သာမြို့နယ်၌ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုအမှတ်(၅) ဆောင်ရွက်နေမှုအား ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရူ

ရွှေပြည်သာ ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ်တွင် ယနေ့နံနက်၇:၃၀အချိန်တွင် အမှတ်(၅)အခြေခံပညာအထက်ကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ရန်ကုန်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရူအားပေးခဲ့ကြောင်း သိရသည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာများစုပေါင်း၍ မြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက် ကောက်ခြင်းနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းများတူးဖော်ဆယ်ယူခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)