ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်မြို့၌ ခရိုင်အားကစားခန်းမသစ်အဆောက်အအုံနှင့် ခရိုင်မီးသတ်ဦးစီးမှူး ရုံးအဆောက်အဦသစ်များ ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၃ ရက်တွင် ခရိုင်အားကစားခန်းမသစ် အဆောက်အဦနှင့် ခရိုင်မီးသတ်ဦးစီးမှူးရုံး အဆောက်အဦးသစ်များကို ဖွင့်လှစ်ပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။