မိုင်းတုံမြို့၊ အထက မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုငမးဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် အထကမိုင်းတုံစာသင်ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်များပြသ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အနှစ်သာရပြည့်ဝပြီး ထူးခြားကောင်းမွန်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ ထူးခြားစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် အခမ်းအနားအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ဒက္ခိဏသီရိမြို့နယ်တွင် အခြေခံတိရိစ္ဆာန်မွေးမြူရေးလုပ်သား သင်တန်းဖွင့်လှစ်သင်ကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် အခြေခံတိရိစ္ဆာန်မွေးမြူရေးလုပ်သားသင်တန်း(၁/၂၀၂၂)ကို ဇွန်လ (၇)ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးလျက်ရှိသည်။

တာမိုးညဲမြို့တွင် လက်ဖက်ခြောက်စက်ရုံ အဆောက်အဦအုတ်မြစ်ချပန္နတင်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် လက်ဖက်ခြောက်စက်ရုံတည်ဆောက်ရန်အတွက် အုတ်မြစ်ချပန္နတင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်တွင် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာအသိပညာပေး Talk Show  ပြုလုပ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍   ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာကို  ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်လျက် ယမန်နေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကလေးသူငယ်များအခွင့်အရေးဆိုင်ရာ အသိပညာပေး  Talk Show ကို ပြုလုပ်ခဲ့ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးခြံနှင့် ရန်ကုန်-မန္တလေး ကားလမ်းပိုင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများ အားစိုက်လုပ်ကိုင်လာနိုင်စေရန် ရည်ရွယ်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မွေးမြူရေးအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသော ရှောက်ကုန်းကျေးရွာအုပ်စု၊ သာယာအေးကျေးရွာအနီး၊ (JOIN GLOBAL MYANMAR) ကြက်မွေးမြူရေးခြံသို့ ယမန်နေ့နံနက် ၁၁ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျိုက္ခမီမြို့ သာသနာ့ဗိမာန်ခန်းမ၌ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီ၌ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုးနှင့်အဖွဲ့ဝင်များမှ ဦးဆောင်၍ သားအိမ်ခေါင်းကင်ဆာအကြောင်း အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျိုက္ခမီမြို့ သာသနာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to