လပွတ္တာခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေဝါသနာရှင်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များ စာပေဗဟုသုတ ရရှိစေရန်၊ စာဖတ်၊ စာငှါးလုပ်ငန်းများ၊ အကြားအမြင်၊ အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေး အစီအစဉ်များကို နေ့စဉ်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။