ငါန်းဇွန်မြို့နယ်တွင် တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းပြုလုပ်
၂၀၂၂ ခုနှစ် မိုးရာသီတိရိစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအစီအစဉ်အရ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် တိရိစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၇နာရီခွဲအချိန်က အမှတ်(၄)ရပ်ကွက် ဦးညွန့်မောင်(တက်နေလင်း နို့ဆီရုံ)၏ ယာမြေစိုက်ခင်းတစ်ဧကတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။