စစ်တွေ ဇွန် ၂၅
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ယနေ့နံနက်ပိုင်းက လောကာနန္ဒာစေတီတော်ဝန်းအတွင်းနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေမြို့ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေးအတွက် စစ်တွေတပ်နယ်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)သို့သွားရောက်ပြီး တက္ကသိုလ်ခြံဝင်းအတွင်း၌ စစ်တွေတပ်နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များနှင့် ဌာနဆိုင်ရာများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ကျောင်းသား၊ ကျောင်းသူများနေထိုင်နိုင်ရန် ပြုပြင်ဆောင်ရွက်မည့် အဆောင်များသို့ လှည့်လည်ကြည့်ရှုကြရာ ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာဇော်ထွန်းနှင့် တာဝန်ရှိသူများ လိုက်လံပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်တွေတပ်နယ်ရှိတပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လောကာနန္ဒာစေတီတော်ပရဝုဏ်အတွင်းနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့တွင် ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများရှိအမှိုက်များအား ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)